Home Screen Jujaka Home Screen Jujaka Screen Jujaka Screen Jujaka Screen Jujaka Screen Jujaka Screen

Jujaka ဆိုတာ ဘာလဲ

သင့်ရဲ့ နေ့သစ်တစ်ခုကို အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းနိုင်ဖို့ရာ သင်နှစ်သက်တဲ့ အစားအစာတွေက အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါ၀င်တယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပါတယ်။ ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်း ဆိုတဲ့ ဆိုရိုးရှိတဲ့အတိုင်း၊ သင် နဲ့ သင့်ဆွေမျိုး သူငယ်ချင်းတွေ နှစ်သက်ကြတယ်ဆိုတဲ့ အစားအစာတွေဟာ ဆိုင်ကြီးကနားကြီးတွေကနေ လမ်းဘေးဆိုင်လေးတွေအထိ ပါ၀င်နေနိုင်ပါတယ်။ သင့်အနီးအနားတစ်ဝိုက်မှာ ရှိနေတဲ့ စားသောက်ဆိုင်မျိုးပေါင်းစုံကိုရော၊ ခပ်‌ဝေးဝေးမှာရှိနေတဲ့ သင်သိလိုတဲ့ စားသောက်ဆိုင်တွေကိုရော Jujaka ကို အသုံးပြုပြီး ရှာဖွေလိုက်ပါ။ သင့်ရဲ့ အရသာရှိတဲ့ နေ့ရက်တွေအတွက် Jujaka

နီးနီးနားနား

Jujaka ရဲ့အကူအညီနဲ့ သင့်အနီးတစ်ဝိုက်မှာ ရှိတဲ့ စားသောက်ဆိုင်တွေကို ရှာဖွေတွေ့ရှိနိုင်မှာပါ။ ရှာဖွေတွေ့ရှိတဲ့ စားသောက်ဆိုင်တွေကိုလည်း သင်ရောက်ရှိနေရာအရပ်နဲ့ တည်နေရာအကွာအဝေးအလိုက် စီထားပေးပါတယ်။

တိတိကျကျ စုံစုံလင်လင်

သင်နှစ်သက်ရာစားသောက်ဆိုင်ကိုရှာတွေ့ပြီဆိုတာနဲ့ လက်ဖျားလေးတစ်ချက်တို့လိုက်ရုံနဲ့ ဆိုင်ရဲ့ တည်နေရာ၊ လိပ်စာ၊ ဖုန်းနံပါတ်၊ ဖွင့်ချိန်၊ ပိတ်ချိန် အစရှိတဲ့ အသေးစိတ်အချက်အလက်တွေကို စုံစုံလင်လင်သိရှိနိုင်မှာပဲဖြစ်ပါတယ်။

ဘာစားရင်ကောင်းမလဲ?

Jujaka ကိုသုံးခြင်းအားဖြင့် ဆိုင်တစ်ဆိုင်ရဲ့အစားအသောက်တွေအပေါ် အခြားစားသုံးသူတွေရဲ့ ထင်မြင်ချက်တွေကို ဖတ်ရှုနိုင်မှာဖြစ်သလို သင်ကိုယ်တိုင်ရဲ့ သုံးသပ်ထင်မြင်ချက်တွေလည်း ၀င်ရောက်ရေးသားနိုင်ပါတယ်။

ရှာမယ် ဖွေမယ်

Jujaka ကိုသုံးပြီးတော့ သင်စားသောက်လိုတဲ့ အစားအစာနာမည်နဲ့ပဲဖြစ်ဖြစ်၊ စားသောက်ဆိုင်နာမည်နဲ့ပဲဖြစ်ဖြစ်၊ မြို့နယ်နာမည်နဲ့ပဲဖြစ်ဖြစ် ဆိုင်တွေကို အလွယ်တကူရှာဖွေနိုင်မှာဖြစ်ပါတယ်။

မှတ်မှတ်ရရ

Jujaka မှာ သင်နှစ်သက်တဲ့ စားသောက်ဆိုင်များ စာရင်းကို မှတ်ထားနိုင်ပါတယ်။ ဥပမာ - မနက်စာအတွက် သင်နှစ်သက်သောဆိုင်များ၊ အကင်စားရန်အတွက် သင်နှစ်သက်သောဆိုင်များ အစရှိသဖြင့် သင်နှစ်သက်ရာ စားသောက်ဆိုင်များကို list များအလိုက် မှတ်ထားနိုင်ပါတယ်။

ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ

ကျွန်တော်တို့ Jujaka ဟာ အခုမှ အစပဲရှိသေးတဲ့အတွက် စားသောက်ဆိုင်စာရင်း မပြည့်စုံသေးပါဘူး။ အချို့ဆိုင်တွေကလည်း ပါတယ်ဆိုရုံပဲရှိပြီး၊ ဓာတ်ပုံ၊ ထင်မြင်ချက်၊ ဆိုင်ရဲ့ အသေးစိတ်အချက်အလက် အစရှိတာတွေ ဘာမှ မယ်မယ်ရရ မရှိသေးပါဘူး။ မြန်မာပြည်အတွင်းရှိ အစားအသောက်ချစ်သူတို့ အားလုံး ဝိုင်းဝန်းထည့်သွင်းပေးမှသာ ပိုမို ပြည့်စုံတဲ့ စားသောက်ဆိုင်လမ်းညွှန် app တစ်ခု ပိုင်ဆိုင်လာပြီး၊ ကျွန်တော်တို့ ဗိုက်ဆာလာတိုင်း Jujaka နဲ့ ဆိုင်ကောင်းကောင်းရှာပြီး စားနိုင်သောက်နိုင်ကြမှာဖြစ်ပါတယ်။ ဒါကြောင့် Jujaka ကနေတစ်ဆင့် သင်ကိုယ်တိုင် ဆိုင်သစ်များ ထည့်သွင်းပေးပါရန်နဲ့ ရှိပြီးသားဆိုင်တွေကိုလည်း အမှားများတွေ့ပါက ပြင်ဆင်ပေးကြပါလို့ လေးစားစွာ အကူအညီတောင်းအပ်ပါတယ်။